ပျော်​ရွှင်​ခြင်းများဖြင့်​​အေးချမ်းကြပါ​စေ
ဘယ်​သူတရားဖျက်​ဖျက်​ကိုမပျက်​​စေနဲ့
Powered By Blogger
Thursday, July 28, 2016
သူပိုင်​ဆိုင်​​သော​နေ့ညများ
သူ…ပိုင်​ဆိုင်​သောနေ့,ညများ...
........................................
Tuesday, July 26, 2016
ဒိုင်​ယာရီ အက်​​ကြောင်း
***ဒိုင်ယာရီ အက်ကြောင်း***
🌷🌷🌷⛄⛄⛄❄❄❄
ဖြိုးဖြိုက်စီးဆင်းလာတဲ့
ဆီးနှင်းတွေကို စုတ်ဖြဲ
မေမေ့ရင်ခွင်ထဲ
ခိုကပ်ချင်တယ်. . .
📁📁📁
တေလေငှက်လေးရဲ့
ဖြစ်စဉ်ပြဇာတ်တွေအကြောင်း
တဖွဲ့တနွဲ့ ပြောပြချင်ရဲ့
ကိုယ့်ရှေ့က မှန်ချပ်ကိုကြည့်ရင်း...
အလိုလိုကြွေဆင်းသွားတဲ့
စီးကရက်ပြာတွေ
ကိုယ့်နားမှာ ရစ်ဆိုင်းလို့
လှောင်ပြောင်ရီ(ရယ်)မော
အသက်ရှုရတာ
မောတယ်...
🚬🚬🚬
မေမေရေ
မျှော်လင့်ချက်တွေ
ဂုတ်ပိုးပြီး
အိမ်အမိုးကို
စုံကန်ထွက်သွားတဲ့
ဒီရထားလည်း
ပေရေစုတ်ပြတ်
ဥသြသံတောင်
တိုးသဲ့သဲ့ပဲ
မြည်တော့တယ်. . .
💭💭💭
စက္ကန့်လေးတွေ
ခဏခဏ ကျော်ဖြတ်သွားတဲ့
ဒီရင်ဘတ်လည်း
အရင်လို မဖြူစင်နိုင်တော့
မူးတတ်ဝေတတ်
အပျော်အပါးတွေနဲ့
လက်ဆွဲနှုတ်ဆက်တတ်ပြီ။
⏳⌛⏳
ဒီလို နှင်းဝေတဲ့လက
ပုံတိုပတ်စတွေလည်း
ခပ်ယေးယေးတောင်
မကြားရတော့
📶📶📶
ဒိုင်ယာရီ စာအုပ်တွေ
လှန်ရင်း
စာမျက်နှာတွေကြည့်ရင်း
ကိုယ့်ရုပ်ကိုယ် ပြန်မြင်ခဲ့ရ
ဒီဆောင်းပြီးက
ဒီမိုးကုန်မှ
ဒီနွေကျော်မှ
ရာသီတွေ အလီလီကူးတောင်
ဒီငှက်က အသိုက်ပြန်မရောက်ခဲ့. .
တစ်နေ့တော့
ကမ်းပြန်ဆိုက်မယ်တွေးရင်း
ဒီခရီးနှင်ဦးမယ်။
🕛🕧🕐🕜🕑🕝🕒🕞🕓🕟🕔🕠🕕🕡🕖🕢🕗🕣🕘🕤🕙🕥🕚🕦  
        မိုးညှို့မှော်(ကဗျာလမ်း)
BeeTalk...ID..goldnumber007
Saturday, July 16, 2016
တနင်္ဂ​နွေတခြမ်းပဲ့များ
တနင်္ဂနွေတခြမ်းပဲ့များ
   ငါ…
မြင်ဖူး ကြားဖူးတဲ့
အတိတ်အာရုံတွေဆီ
ခဏခဏပြန်ရောက်မိတယ်။
  အချိန်ကြာလာတာနဲ့အမျှ
ဒဏ်ရာက ဟောင်းနွမ်းသွားမှာပဲလေ
သံသရာက လည်ပတ်ဆဲဆိုတော့
လွမ်းဆွေးမှုတွေ ရာထောင်ချီ
ကြီးထွားလာခဲ့ရင်…။
  ဟူး…
တကယ်လို့များ
မလွမ်းတတ်ခဲ့ရင်ပေါ့
နင်ချန်ထားပစ်ခဲ့တာကို
ရီကာ ဟားတိုက်ပစ်မိမယ်
အခုတော့…
အကြင်နာ ကမ်းပြို့လျှက်
ရင်နာစရာလမ်းအိုထက်
နာကျင်တဲ့ခြေလှမ်းတွေက
အခါခါလျောက်နေတုန်း။
  ပျောက်ရှသွားတဲ့ အချစ်က
စုဖွဲ့ပေါင်းစပ် တိမ်တိုက်အဖြစ်
မာန်ဟုန်ပြင်းစွာ မိုးရွာကုန်သလား…။
  မြေပြန့် လွင်ပြင်
တောတောင်ချောက်ကမ်းပါးတွေ
ခရီးသွားနေဆဲ
ကျောက်ဆောင်ပေါ်က
လှိုင်းလုံးကြီးတွေရေ
နောက်ကျသွားတဲ့ အချိန်ကိုပြန်တွေ့ရင်
အဲ့သေတ္တာကို ပိတ်ပေးခဲ့ပါ……။       ။
    ..အိမ်​မက်​လူ(စိတ္တဇမှတ်​တမ်း)
Credit:လို့မ​ပြောချင်​ပဲ​ပြောရသည်​။
မကြားချင်​လဲကြားပါ​စေ။
ရှိခြင်းတရား
ရှိခြင်းတရား
•••••••••
ကို့အတွက်​​တော့ ဒုက္ခဆိုတာ
ချိုသလား၊ခါးသလား​သောက်​ကြည့်​မှိတဲ့
ဝိုင်​တစ်​ခွက်​လိုပိုပဲ...
လောကဓံဆိုတာ
သူရဲ​ကောင်း​တွေအတွက်
အ​ရေးကြီးတဲ့ အခန်းကမပါခဲ့ပါဘူး
တစ်​ခါတစ်​​လေ 
အ​ပေါ့၊အငန်​ ဟင်းစားမြည်းတဲ့
အသားတစ်​ဖတ်​​လောက်​​တော့
အရသာရှိချင်​ရှိမှာ​ပေါ့​လေ...။
နှစ်​ဆယ့်​​လေးနာရီနဲ့ ​နေ့​တွေကုန်​ဆုံး​နေသ​ရွှေ့
ဘ၀ဆိုတာကိုအနိုင်​ယူခွင့်​ရှိတယ်​...
စကား​တွေမလို​တော့ဘူး
အားပဲလိုတာပါ...
ကိုယ့်​ကိုယ်​ကို ​ယုံကြည့်​ရုံ​လောက်​နဲ့
ညည်းချင်း​တွေထက်
တေးသီချင်းတစ်​ပုဒ်​​လောက်​​တော့
"ခင်​ဗျား"​ကောင်း​ကောင်းဆိုတတ်​​လေ့မယ်​...။
တစ်​​နေ့တစ်​လံ ပုဂံဘယ်​​ပြေးမလဲ
လာပါ...
သူငယ်​ချင်း အဆင်​မ​ပြေခြင်း​တွေထားခဲ့
ဘ၀ လွင်​ပြင်​ကိုဖြတ်
ပျော်​စရာ​တွေအုပ်​မိုးထားတဲ့
ကျွန်​​တော့်​ရဲ့ အိမ်​ထဲကိုကြွပါ
ဒီအရပ်​မှာ ​ကျေနပ်​စရာ​တွေ​အ​ကြောင်း​ပြောကြတာ​ပေါ့...။
         2016 April 14țĥ(2:03) "အရှည်​ဆုံး​နေ့ပင်​အဆုံးတိုင်​ရ​သေးသည်​"​။
နေ​နေ့ဝိုင်​(n.n.yyy)
အွန်​လိုင်းကဗျာဆရာများသို့....၁
Online
မော်​ဒန်
ပို့စ်​​မော်​ဒန်​နဲ့ ​မော်​ဒန်​အုပ်​စုများသို့ ...
အနုပညာဟာ ပုံသဏ္ဍာန်မဲ့သွားရင် ပိုပြီးအင်အားကြီးမားလာတယ်။ဆိုတဲ့အဆိုပြုချက်​နဲ့အတူ  ပို့စ်​​မော်​ဒန်​ဟာရိုးရာဓ​လေ့ထဲက ခွဲထွက်​ဆန့်​ကျင်​​နေတယ်​လို့ ​ဝေဖန်​သံ​တွေထွက်​​ပေါ်ပြီး​နောက်​ပိုင်းမှာ
လေယူ​လေသိမ်းအယိမ်းအယိုင်​​တွေက ဖျတ်​ဖျတ်​လူးစကားအသစ်​​တွေဖွင့်​ဆိုချပြ
နိုင်​ဖို့အတွက်​ တချို့​သောဆရာသမားတို့က ကာရန်​မဲ့ကဗျာလို့ အမည်​ခံပြီး လွတ်​လပ်​မှုဖက်​ကို ​ပြေးသွားခဲ့ပါတယ်​။ 
မော်​ဒန်​ဟာရာစုနှစ်​တစ်​ခုအထိအသက်​ရှည်​ပြီးတဲ့အခါ ပိုမို​ကောင်းမွန်​တဲ့အ​ရေးအသားအသစ်​တခုဆီကို ကူး​ပြောင်းခဲ့တယ်​။ ပို့စ်​​မော်​ဒန်​အဖြစ်​ အသက်​၀င်
လာတဲ့အချိန်​မှာ ဆူဆူညံညံ ​ဝေဖန်​သံကြားက ပို့စ်​​မော်​ဒန်​အဖြစ်​ ရဲရဲရင့်​ရင့်​ ကြီးပြင်းလာခဲ့တယ်​။တစ်​ချိန်​ထဲမှာပဲ ရိုမာန်​တစ်​လို့​အော်​မြည်​ပြီး ​နောက်​ထပ်​အကူးအ​ပြောင်း တစ်​ခုကိုတာစူလျှက်​သားနဲ့ ​​ပို့စ်​​မော်​ဒန်​ဖန်​တီးမှုစွမ်းရည်​ဟာ လင်းကနဲ
လက်​ကနဲ တည်​ငြိမ်​​တောက်​ပတဲ့ အလင်​တန်း​တွေလို နှလုံးသားအသီးသီးဆီစိုက်​၀င်​မှတ်​တိုင်​စိုက်​ခဲ့ပါတယ်​။
မော်​ဒန်​ရဲ့အဓိက​သွေး​ကြောက "ဘက်​"လိုက်​မှုကင်း​ဝေးခြင်းလို့ ဆိုချင်​ပါတယ်​။
အထူးသတိထားမှိလာတာက ကဗျာလက်​​သွေးစလူငယ်​များအ​နေဖြင့်​ အွန်​လိုင်း
ပေါ်မှတဆင့်​ကဗျာအ​ရေးအသားများ ​ဖောခြင်း​သောခြင်း ပစ်​​ဖောက်​လာမှုပါပဲ။
ကဗျာကိုရင်​၀ယ်​သားလို ​မွေးဖွားချင်​မှုရှိသူများအား မ​စော်​ကားပါ။ဝိရိယရှိသူများ
အားလဲမ​ကျော်​လွားပါ။ တကယ်​ကြိုးစား​ရေးသားကြသည့်​ လူငယ်​များအားလဲ
မရိုင်းပြလိုပါ။
၁။ လူရာဝင်​နာမည်​ကြီးလိုမှုဖြင့်​​တော့ မြန်​မာစာ​ပေအားပုံမဖျက်​​စေချင်​။
၂။အ​လွမ်း၊အ​ဆွေးဖြစ်​​စေကာမှု အ​ပျော်​တမ်းရသပျက်​​​စေဟု ​ မရည်​ရွယ်​မှိ​စေရန်
သို့​သော်​ အွန်​လိုင်း​ပေါ်မှ ခွင့်​ပြုချက်​မဲ့ ကဗျာများကိုကျွန်​​တော်​ကိုတိုင်​ ​ရေးဖွဲခြင်း​ကြောင့်​ ​ပေါ်ထွက်​လာသည့်​ အနုပညာဖန်​တီးမှု​လေးများကို​တော့ ချစ်​​နေမည်​သာ..
ဤ​ဝေဖန်​မှုအား ခံစားသူတဦးအ​နေဖြင့်​ ရင်​ထဲရှိသမျှ ​ရေးသားခြင်းပင်​ဖြစ်​ပါသည်​။
ကြောင်းကျိုးတိုက်​ဆိုင်​တိုင်း
ဝေဖန်​ပါဦးမည်​....
                                       #ဘာလုပ်​လုပ်​သိ
နေ​နေ့ဝိုင်​[n.n.yyy]