ဒီမိုကရေစီနှင့်စကားပြောခြင်း°°°°°°°°°°°°°°°°°°°°°°°°*ဘယ်လိုမီးတောက်မျိုးကမှမျော်လင့်ချက်အိမ်မက်တွေကို စီးချင်းမထိုးနိုင်ခဲ့ဘူး...။*ရောင်ဝါဖြာကျင်းတဲ့ ပဒေသရဇ်မြေမှာဓားမဦးချ ကွန်းခိုရာ...။*လေလောင်တဲ့ ညဥ့်ဦးယံတိုင်းအသူရာတို့ရဲ့သွေးနဲ့စွတ်လူးအတိတ်စူးတဲ့ လမ်းမှာနေထိုင်ဖူးခဲ့တယ်...။*သံယောဇဉ်ဆိုတာ မတွန်းလှန်မှိတော့မြတ်နိုးမှုတန်ဖိုးတွေပဲ မြင့်တက်လာတယ်...။*ကြယ်မြင်တုန်း ရွက်ဖွင့်ချင်တယ်ပြင်းရှခဲဆစ်တဲ့ ယုံကြည်မှုမျိုးပေါ့...။*ဂယက်ထန်တဲ့ လောကဓံဆိုမျိုဆိုရင်အကြောမခံတမ်း ရင်ဆိုင်လိုက်ပါမယ်...။*ယဉ်ကျေးမှုတွေ လဲ့ဖြာလက်ဝေဆဲပရိယယ်ချိုတွေ ဖိတ်လျှံဖြိုးဟုန်တုန်းအာကာသကို မမြင်မှိခဲ့မှိဘူး...။
*မနက်ခင်းတွေ အလင်းဝင်တိုင်းအရင်းအမြစ်တွေ ထမ်းပိုးထားတဲ့လူ့ကမ္ဘာကြီးကိုပဲ အားနာလာမှိတယ်...။
မေ
- ဒီမိုကရေစီအဆောက်အဦးများသည် လူတန်းစာအဆင့်တန်း အချင်းချင်းတို့၏တိုက်ခိုက်ရာ စစ်မြေပြင်ဖြစ်သည်။...(မာ့း(ခစ်)၀ါဒ)

