ပျော်​ရွှင်​ခြင်းများဖြင့်​​အေးချမ်းကြပါ​စေ
ဘယ်​သူတရားဖျက်​ဖျက်​ကိုမပျက်​​စေနဲ့
Powered By Blogger
Monday, August 29, 2016
ရွံ့​မျော်​စင်
         🗼🏡🏡🏡ရွံ့​မျှော်​စင်​🏡🏡🏡🗼
                             🗼🗼🗼
                              🏠🏠🏠
မျက်​နှာကျက်​​မှာ ပင့်​ကူ​တွေ​ပျော်​​နေ
ဝရန်​တာအထိ ကြွက်​​တွေအသိုက်​​ပြောင်းတယ်
ပြာပုံက ​ခွေးကိုငုံ့ကြည့်​ရင်း
ခို​တွေက ငါ့ကို​လှောင်​ပြသွားကြ
မျော်​လင့်​ချက်​​တွေ​​ ပုရွတ်​ဆိတ်​မဲ့​နေတယ်
ငါ့ခေါင်​မိုးမှာ ပိုးဟပ်​​တွေ​သေဆုံး
မိုးမလင်း​သေးတဲ့ ​နွေနေ့ခင်း​တွေ
မ​နေ့တုန်းကအထိ အနားမှာရှိ​တယ်​.....🔍🔎🔂
🐜🐁💰
                              🏣🏣🏣
ငခူက ဧရာဝတီလိုပြုံးတယ်
အိမ်​က ပင်​လယ်​ကို​ကျော​ပေးထိုင်​​လို့
ငရုပ်​သီး​ထောင်းသံ​တွေ ကျယ်​​လောင်​​နေတယ်
နံရံ​ပေါ်လှံ​စိုက်​ရင်း သစ္စာ​တွေဆို
ပုခုံးနဲ့​ချွေးသုပ်​ပြီး ​ ဘုံဖျားမှာအိပ်
ခုနှစ်​​ကျော်​ငိုတဲ့က​လေးကို ​ချော့သိပ်​ရင်း
အိမ်​တံစက်​မြိတ်ထိ ​မြေမြိုခံရတယ်
ငါ့ကိုယ်​ငါ မြိုချကြည့်​တယ်
ငါလဲ မိုး​ရေ​တွေလို ခါးတယ်​.....🔍🔎🔂
🐕🐈💰
                                🏨🏨🏨
ဖ​ယောင်းသား​တွေ စား​သောက်​ရင်း
လောင်​သွားတဲ့ မီး​တောက်​​တွေနဲ့
အိမ်​လဲ ​ရေပူရာ​​လေပင့်​တယ်
သန်း​ခေါင်​က အရင်​လိုပဲအုံ့လို့
ဗြဟ္မာရဲ့​ခေါင်းကို ရင်​ဘတ်​ထဲထည့်​​ရင်း
အိမ်​​တွေရေ​ရော​သောက်​ရတာ ​ပေါ့တယ်
ဆေးလိပ်​​ကို ထိုး​ချေ
ဖန်​ခွက်​​တွေ ရိုက်​ခွဲ
ခု...အိမ်​ထဲမှာ ငါ့တ​ယောက်​ထဲ.....🔍🔎🔂
🐒🐛💰
                     🏡🏠🏣🏨🏩
🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩
🔞​နေ​နေ့ဝိုင်​{ñ.ñ.ÿÿÿ}
Saturday, August 13, 2016
အွန်​လိုင်းကဗျာ​လေလား...​မော်​ဒန်​​ခေါတ်​လား​မေးခွန်းနှင့်​ ဒုတိယအကြိမ်​​ဝေဖန်​​ရေး..
(အွန်​လိုင်းကဗျာ)
မော်​ဒန်​ကဗျာ
Neo.PoMo.LP ကဗျာ များသို့.....
ပထမတစ်​​ခေါက်​ ​ဝေဖန်​​ရေးပြသနာထဲမှာ​တော့ သ​ဘောထား ကွဲလွဲမှု​တွေကြုံရပါသည်​.....။
လူ​ပေါင်း​လေးရာ​ကျော်​ မျက်​​စောင်းထိုးသွားခဲ့ပြီ.....
ထပ်​​ပြောပါမည်​(မှိုင်းတိုက်​ရန်​အတွက်​ )ဒုတိယအကြိမ်
ထပ်​​ရေးခြင်းဖြစ်​ပါသည်
မော်​ဒန်​ကဗျာ...နိယို ...ပို့စ်​​မော်​ဒန်​...LP...စသည်​/စသည်​ဖြင့်​ ကဗျာပန်း​တွေပွင့်​သီးခဲ့ကြပြီ...။(အားနာစွာဖြင့်​...ကာရန်​ကဗျာ)​​တွေလဲ ပွင့်​ဖူးသီး​ဝေ ​ကြွေကျခဲ့ပြီ။
ပြောချင်​သမျှ​ပြောရလျှင်​ ကျမ်းတစ်​အုပ်​စာ​လောက်​ ထူပါ​လေ့မည်​။ မြင်​တိုင်း​ပြောရလျှင်​လဲ ...(ပြသနာရှိသည်​)
ဆိုလိုချင်​တာက ကဗျာ(မြန်​မာကဗျာ)ကို ကျွန်​​တော်​တို့မြန်​မာ​တွေ" `က´က​လေးငယ်​ ချစ်​စဖွယ်" ​​ထဲက ရင်းနှီးပြီးသား(ကကြီးခ​ကွေးဖတ်​တတ်​ရုံဖြင့်​ ကဗျာခံစားမှုနှင့်
ရင်းနှီးပြီးသား) ဟုဆိုချင်​ပါသည်​(ကဗျာ​ရေးတတ်​သည်​ဟု မဆိုလိုပါ/ဆိုလဲမဆိုပါ)။သတ္တမတန်းသင်​ရိုးတွင်​ ကဗျာဟူ၍ ​နေရာယူ ထားပါပြီ။(သိပြီးသားအ​ကြောင်းအရာများဟူ၍ ယူဆလျှင်​ ​ကျော်​ဖတ်​ပါ) ။ကဗျာဆိုတာ ဘာလဲလို့ ထပ်​မ​မေးကြပါနှင့်​...
ခေါတ်​စနစ်​အရ စာ​ဟေ့ဆိုပြီး ပန္နက်​ရိုက်​ရသည့်​ အသိတရားဖြင့်​ နှလုံးသားအလှုပ်​အခတ်​​ကြောင့်​ ကဗျာ​ဟေ့ ဆိုပြီး ထ​အော်​ကြတာပါ။(ဒါကျွန်​​တော့်​ အ​ကြောင်းပါ)
ဝေဖန်​​ရေး
၁။ သုံးသပ်​သည်​(ယဉ်​​ကျေးစွာ ​ဝေဖန်​​ရေး)
၂။ချဉ်းကပ်​သည်​(​ဝေဖန်​​ရေးကို ​​ဖော်​​ရွှေစွာ​ဝေဖန်​ခြင်း)
ထိုကဲ့သို့ မြင်​ပါသည်​။ကျွန်​​တော်​ဘာ​ကောင်​လဲလို့ မ​မေးပါနှင့်​ စမ်းချင်​သလိုအစမ်းခံတဲ့ ဘဂျမ်းက ပြဇတ်​(ဇတ်​လမ်း)​ခေါတ်​မှာကျန်​ခဲ့ပြီ...။
ကျွန်​​တော်​ဘာ​ကြောင့်​​ဝေဖန်​သလဲဆိုရလျှင်​ ​ဝေဖန်​ချင်​လို့ ​ဝေဖန်​သည်​။
ကဗျာ/ဂီတ/ရသ/စာ​ပေ/ပန်းချီ/ပန်းပု အနုပညာပစ္စည်းတိုင်​ကိုချစ်​သူတဦးဆိုပါလျှင်​​ရှေ့ဆက်​အက္ခရာများကို ကျွန်​​တော်​နှင့်​အတူ ဆက်​လက်​လိုက်​လံ​ဝေဖန်​ပါ(ထပ်​​ပြောပါမည်​/ကျွန်​​တော်​နင့်​အတူလိုက်​လံ​ဝေဖန်​ပါ/ပြီးလျှင်​ဆန်းစစ်​ပါ)။ကျွန်ုပ်​ဘာကို​ပြောသည်​ဆိုသည်​ထက်​ သင်​ဘယ်​လို​ပြောသည်​က အဓိကပိုကျပါတယ်​)
အနုပညာပစ္စည်းများစွာထဲက အရာများနှင့်​ကျွန်​​တော်​မိတ်​ဆက်​ကြည့်​ပါသည်​။(တိုတိုနှင့်​လိုရင်း)
၁။ ဘယ်​ကဗျာကို​ရေးမှာလဲ
၂။ဘယ်​ဂီတကို တီးမှာလဲ
၃။ဘယ်​ရသကို ကျူးရင့်​မှာလဲ
၎။ဘယ်​ပန်းချီကို ဆွဲမှာလဲ
၅။ဘယ်​ပန်းပုကို ထုမှာလဲ
မော်​ဒန်​/ပို့စ်​​မော်​ဒန်​/နီယို/အယ်​လ်​ပီ/နှင့်​ အခြား​သောကဗျာများ(ကျွန်​​တော်​မထိ​တွေ့ဖူး​သေး​သောကဗျာများ)နှင့်​ အကျုံးဝင်​​သော (အွန်​လိုင်းကဗျာ)ကို​ရေးပါမည်​။
ကဗျာ​ဟေ့လို ​အော်​သွားသည့်​ ဆရာ့ဆရာ​တွေရဲ့ ​ခေါတ်​လား ကျွန်​​တော်​တို့ ​ရေးခြစ်​မဲ့ ကျွန်​​တော်​တို့​ခေါတ်​လား???ဒီ​မေးခွန်းကို ကျွန်​​တော့်​ဘာသာ​မေးပြီး​ဖြေရလျှင်
(ကျွန်​​တော်​တို့​ရေးခြစ်​မဲ့ ကျွန်​​တော်​တို့​ခေါတ်​)
ကျွန်​​တော်​သည်​ တတ်​​ယောင်​ကား ပျံကျ တစ်​​ကောင်​ ဖြစ်​​ကောင်​ဖြစ်​နိုင်​သည်​။( ငြိမ်းချမ်းစွာသ​ဘောထားကွဲလွဲခွင့်​ကို သ​ဘောထားကြီးစွာလက်​ခံပါသည်​)။
အယူဆခြင်းတူလျှင်​ဆက်​ဖတ်​ပါ...(ဒါ​လောက်​ဆို(ကျွန်​​တော်​တို့​ခေါတ်​)ကို ​ဝေဖန်​သွားလို့ရပြီ)
ကျွန်​​တော်​တို့​ခေါတ်​ရဲ့ ​နောက်​က​ခေါတ်​မှာ ကဗျာ​အော်​သံ​တွေ ဆူခဲ့ပြီးပြီ(မရို​သေ၍ မ​ဟုတ်​) အမှန်​အတိုင်း​ပြောခြင်းပါ။ပြသနာက ပွဲဆူမှလူပိုကြိုက်​တာ ပြသနာရှိသည်​။(ဘယ်​သူ​တွေ​အော်​ခဲ့သလဲ ပြန်​ကြည့်​ပါ
ကွက်​ကွက်​ကွင်းကွင်း ​တွေ့ရပါလိမ့်​မည်​)။ကျွန်​​တော်​အကြွင်းမဲ့မသိပါ(ထိုစကားကိုထပ်​ရှင်းမည်​)
ထပ်​​ပြောပါမည်​(ကျွန်​​တော်​တို့ကလွဲရင်​ ကျွန်​​တော့်​ကိုကျွန်​​တော်​လဲမယုံပါ)
ကျွန်​​တော်​အ​မေ​ကျော်​ ​ဒွေး​တော်​လွမ်း မှိသဖြင့်​ ကိစ္စတစ်​ခုကြုံပါသည်​။
မှတ်​စုစာအုပ်​​လေး​ပေါ်မှာ ပါ။(အ​ရေးကြီးသည်​ထင်​၍)
ဘရုစ်​စလီ(ကွန်​ဖူးသိုင်းပညာရှင်​)ဆိုသူတစ်​ဦး၏ စကားစု(ဒသနလို့ ​ပြောလျှင်​လဲရပါသည်​) ထိုစာအား
ချ​ရေး မှတ်​သားဖူးပါသည်​။ ​အောက်​ပါအတိုင်းပါ...
   "မ​တွေး နဲ့
     မစဉ်းစား နဲ့
      အဲ့ဒါကို ခံစား
စဉ်းစားမ​နေနဲ့ ...ခံစား"
စာ​လေး/​လေးကြောင်းထဲပါ... ​သေချာကျန ထုပ်​ပိုးထားသည့်​ အထုပ်​​လေးနှင့်​တူပါသည်​။ အဓိပ္ပယ်​ရှိသည်​ဟု ယူဆ၍လဲ ​ရေးထားခြင်းပင်
ပြသနာ အစစ်​က...ဒီလို
မ​တွေးနဲ့
မစဉ်းစားနဲ့
အဲ့ဒါကို ခံစား...ဆိုတဲ့ စာသုံး​ကြောင်း ကိုခြား၍
စဉ်းစားမ​နေနဲ့...ခံစား လို့ ​ရေးမှတ်​မှိခြင်းပါ။
နောက်​လ/ရက်​ ​တော်​​တော်​ကြာကြာမှာ ပြန်​ဖတ်​တဲ့အခါ....
"မ​တွေး နဲ့
မစဉ်းစား နဲ့ 
အဲ့ဒါကို ခံစား
ညောင်းညာကိုက်​ခဲ​နေရင်
စဉ်​စားမ​နေနဲ့...ခံစား"မ​နေနဲ့
ဘိုင်​အိုဂျစ်​ဆက်​ ၀ယ်​​သောက်​ ​ပျောက်​တယ်​"....တဲ့
မျောက်​​လောက်​​ဆော့တဲ့ ဒုတိယတန်း​ကျောင်းသား ကျွန်​​တော့်​ တူ​တော်​ ခ​လေး​လေးပါ။(စိတ်​ထဲမှာ တခုခုကိုသိလိုက်​ပါတယ်​) စာရွက်​ကို ဖြဲစုတ်​ပစ်​လိုက်​တယ်​။
သေချာသွားပြီ...
သေချာသွားပါပြီ(မ​သေချာဘူးထင်​လျှင်​ပြန်​ဖတ်​ပါ)
"​ညောင်းညာကိုက်​ခဲတာကို ဘိုင်​အိုဂျက်​ဆစ်​ ၀ယ်​​သောက်
ပျောက်​တယ်​ဆိုတဲ့ " က​လေးအ​တွေး ဖြည့်​စွတ်​ချက်​က
ကျွန်​​တော်​ အယူသီးမှု​တွေကို ရိုက်​ချပြလိုက်​တာပါပဲ...
ဘရုစ္စလီ(ကွန်​ဖူး​နောက်​က ပညာရှင်​)ရဲ့ စကားကို ဘာ​ကြောင့်​ က​လေးအ​တွေးက က​မောက်​ကမ ဖြစ်​​စေတာလဲ...
ကျွန်​​တော့်​အတွက်​​တော့ ဘရုစ္စလီသည်​ ​သေပြီ(ဒါပါပဲ)
ဒီ​ခေါတ်​ ဘယ်​သူ့​ခေါတ်​လဲ???
ကျွန်​​တော့်​​မေးခွန်းကို"ကျွန်​​တော်​တို့ ​ခေါတ်​လို့ ​"ဖြေမဲ့သူ
ရှိလျှင်​ ရင်​ခုန်​စရာအ​ကောင်းဆုံး ​မေးခွန်းရှိပါသည်​။
ကျွန်​​တော်​တို့ ​ခေါတ်​ကို"ဘယ်​သူ"ဦး​ဆောင်​မလဲ???
ကျွန်​​တော်​တို့ ​ခေါတ်​ကို "ဘယ်​သူ "ဦး​ဆောင်​မလဲ???
"ကျွန်​​တော်​တို့ ​ခေါတ်​ကို ဘယ်​သူဦး​ဆောင်​မလဲ???
ပြောစရာမကုန်​​သေးပါ။သို့ဖြင့်
အားသည့်​အချိန်​ထပ်​ရှင်းပါမည်​။
စာကိုး။ ။ ကျွန်​​တော့်​ ယုံကြည်​မှု
နေ​နေ့ဝိုင်​(n.n.yyy) 
Wednesday, August 3, 2016
ကြိုးတန်း​လျှောက်​ပွဲ​တော်
★ ★ ★ ကြိုးတန်း​လျှောက်​ပွဲ​တော်​★ ★ ★ 
🌜🌜🌜
ငါက ​နွေရာသီကိုရှာတယ်
နွေရာသီက ငါ့ကိုရှာတယ်
အဲ့ဒီလိုနဲ့
စမ်း​တွေမှာ ​ရေခမ်းသွားခဲ့တယ်​.....။
🌅🌅🌅
မိုးက  မြစ်​၊​​​ချောင်း​တွေကို
ပြိုင်ဘက်မဲ့ နိုင်တယ်
ပင်​လယ်​မှာ​တော့ ရှုံးသွားတယ်
မုတ်​သုံနိဂုံးဟာ
အ​ရှေ့​မြောက်​​ကောင်းကင်​မှာ 
သေဆုံးသွားခဲ့တယ်​.....။
🌂🌂🌂
ကောင်​မ​လေး​ရေ...
မ​နေ့က​ကြွေဆင်းခဲ့တဲ့ နှင်း​တွေ
ဘယ်​မှာလဲ...
.....
.....
.....   ​ဖြေ.....။
⛄⛄⛄
Thursday, July 28, 2016
သူပိုင်​ဆိုင်​​သော​နေ့ညများ
သူ…ပိုင်​ဆိုင်​သောနေ့,ညများ...
........................................
Tuesday, July 26, 2016
ဒိုင်​ယာရီ အက်​​ကြောင်း
***ဒိုင်ယာရီ အက်ကြောင်း***
🌷🌷🌷⛄⛄⛄❄❄❄
ဖြိုးဖြိုက်စီးဆင်းလာတဲ့
ဆီးနှင်းတွေကို စုတ်ဖြဲ
မေမေ့ရင်ခွင်ထဲ
ခိုကပ်ချင်တယ်. . .
📁📁📁
တေလေငှက်လေးရဲ့
ဖြစ်စဉ်ပြဇာတ်တွေအကြောင်း
တဖွဲ့တနွဲ့ ပြောပြချင်ရဲ့
ကိုယ့်ရှေ့က မှန်ချပ်ကိုကြည့်ရင်း...
အလိုလိုကြွေဆင်းသွားတဲ့
စီးကရက်ပြာတွေ
ကိုယ့်နားမှာ ရစ်ဆိုင်းလို့
လှောင်ပြောင်ရီ(ရယ်)မော
အသက်ရှုရတာ
မောတယ်...
🚬🚬🚬
မေမေရေ
မျှော်လင့်ချက်တွေ
ဂုတ်ပိုးပြီး
အိမ်အမိုးကို
စုံကန်ထွက်သွားတဲ့
ဒီရထားလည်း
ပေရေစုတ်ပြတ်
ဥသြသံတောင်
တိုးသဲ့သဲ့ပဲ
မြည်တော့တယ်. . .
💭💭💭
စက္ကန့်လေးတွေ
ခဏခဏ ကျော်ဖြတ်သွားတဲ့
ဒီရင်ဘတ်လည်း
အရင်လို မဖြူစင်နိုင်တော့
မူးတတ်ဝေတတ်
အပျော်အပါးတွေနဲ့
လက်ဆွဲနှုတ်ဆက်တတ်ပြီ။
⏳⌛⏳
ဒီလို နှင်းဝေတဲ့လက
ပုံတိုပတ်စတွေလည်း
ခပ်ယေးယေးတောင်
မကြားရတော့
📶📶📶
ဒိုင်ယာရီ စာအုပ်တွေ
လှန်ရင်း
စာမျက်နှာတွေကြည့်ရင်း
ကိုယ့်ရုပ်ကိုယ် ပြန်မြင်ခဲ့ရ
ဒီဆောင်းပြီးက
ဒီမိုးကုန်မှ
ဒီနွေကျော်မှ
ရာသီတွေ အလီလီကူးတောင်
ဒီငှက်က အသိုက်ပြန်မရောက်ခဲ့. .
တစ်နေ့တော့
ကမ်းပြန်ဆိုက်မယ်တွေးရင်း
ဒီခရီးနှင်ဦးမယ်။
🕛🕧🕐🕜🕑🕝🕒🕞🕓🕟🕔🕠🕕🕡🕖🕢🕗🕣🕘🕤🕙🕥🕚🕦  
        မိုးညှို့မှော်(ကဗျာလမ်း)
BeeTalk...ID..goldnumber007
Saturday, July 16, 2016
တနင်္ဂ​နွေတခြမ်းပဲ့များ
တနင်္ဂနွေတခြမ်းပဲ့များ
   ငါ…
မြင်ဖူး ကြားဖူးတဲ့
အတိတ်အာရုံတွေဆီ
ခဏခဏပြန်ရောက်မိတယ်။
  အချိန်ကြာလာတာနဲ့အမျှ
ဒဏ်ရာက ဟောင်းနွမ်းသွားမှာပဲလေ
သံသရာက လည်ပတ်ဆဲဆိုတော့
လွမ်းဆွေးမှုတွေ ရာထောင်ချီ
ကြီးထွားလာခဲ့ရင်…။
  ဟူး…
တကယ်လို့များ
မလွမ်းတတ်ခဲ့ရင်ပေါ့
နင်ချန်ထားပစ်ခဲ့တာကို
ရီကာ ဟားတိုက်ပစ်မိမယ်
အခုတော့…
အကြင်နာ ကမ်းပြို့လျှက်
ရင်နာစရာလမ်းအိုထက်
နာကျင်တဲ့ခြေလှမ်းတွေက
အခါခါလျောက်နေတုန်း။
  ပျောက်ရှသွားတဲ့ အချစ်က
စုဖွဲ့ပေါင်းစပ် တိမ်တိုက်အဖြစ်
မာန်ဟုန်ပြင်းစွာ မိုးရွာကုန်သလား…။
  မြေပြန့် လွင်ပြင်
တောတောင်ချောက်ကမ်းပါးတွေ
ခရီးသွားနေဆဲ
ကျောက်ဆောင်ပေါ်က
လှိုင်းလုံးကြီးတွေရေ
နောက်ကျသွားတဲ့ အချိန်ကိုပြန်တွေ့ရင်
အဲ့သေတ္တာကို ပိတ်ပေးခဲ့ပါ……။       ။
    ..အိမ်​မက်​လူ(စိတ္တဇမှတ်​တမ်း)
Credit:လို့မ​ပြောချင်​ပဲ​ပြောရသည်​။
မကြားချင်​လဲကြားပါ​စေ။
ရှိခြင်းတရား
ရှိခြင်းတရား
•••••••••
ကို့အတွက်​​တော့ ဒုက္ခဆိုတာ
ချိုသလား၊ခါးသလား​သောက်​ကြည့်​မှိတဲ့
ဝိုင်​တစ်​ခွက်​လိုပိုပဲ...
လောကဓံဆိုတာ
သူရဲ​ကောင်း​တွေအတွက်
အ​ရေးကြီးတဲ့ အခန်းကမပါခဲ့ပါဘူး
တစ်​ခါတစ်​​လေ 
အ​ပေါ့၊အငန်​ ဟင်းစားမြည်းတဲ့
အသားတစ်​ဖတ်​​လောက်​​တော့
အရသာရှိချင်​ရှိမှာ​ပေါ့​လေ...။
နှစ်​ဆယ့်​​လေးနာရီနဲ့ ​နေ့​တွေကုန်​ဆုံး​နေသ​ရွှေ့
ဘ၀ဆိုတာကိုအနိုင်​ယူခွင့်​ရှိတယ်​...
စကား​တွေမလို​တော့ဘူး
အားပဲလိုတာပါ...
ကိုယ့်​ကိုယ်​ကို ​ယုံကြည့်​ရုံ​လောက်​နဲ့
ညည်းချင်း​တွေထက်
တေးသီချင်းတစ်​ပုဒ်​​လောက်​​တော့
"ခင်​ဗျား"​ကောင်း​ကောင်းဆိုတတ်​​လေ့မယ်​...။
တစ်​​နေ့တစ်​လံ ပုဂံဘယ်​​ပြေးမလဲ
လာပါ...
သူငယ်​ချင်း အဆင်​မ​ပြေခြင်း​တွေထားခဲ့
ဘ၀ လွင်​ပြင်​ကိုဖြတ်
ပျော်​စရာ​တွေအုပ်​မိုးထားတဲ့
ကျွန်​​တော့်​ရဲ့ အိမ်​ထဲကိုကြွပါ
ဒီအရပ်​မှာ ​ကျေနပ်​စရာ​တွေ​အ​ကြောင်း​ပြောကြတာ​ပေါ့...။
         2016 April 14țĥ(2:03) "အရှည်​ဆုံး​နေ့ပင်​အဆုံးတိုင်​ရ​သေးသည်​"​။
နေ​နေ့ဝိုင်​(n.n.yyy)
အွန်​လိုင်းကဗျာဆရာများသို့....၁
Online
မော်​ဒန်
ပို့စ်​​မော်​ဒန်​နဲ့ ​မော်​ဒန်​အုပ်​စုများသို့ ...
အနုပညာဟာ ပုံသဏ္ဍာန်မဲ့သွားရင် ပိုပြီးအင်အားကြီးမားလာတယ်။ဆိုတဲ့အဆိုပြုချက်​နဲ့အတူ  ပို့စ်​​မော်​ဒန်​ဟာရိုးရာဓ​လေ့ထဲက ခွဲထွက်​ဆန့်​ကျင်​​နေတယ်​လို့ ​ဝေဖန်​သံ​တွေထွက်​​ပေါ်ပြီး​နောက်​ပိုင်းမှာ
လေယူ​လေသိမ်းအယိမ်းအယိုင်​​တွေက ဖျတ်​ဖျတ်​လူးစကားအသစ်​​တွေဖွင့်​ဆိုချပြ
နိုင်​ဖို့အတွက်​ တချို့​သောဆရာသမားတို့က ကာရန်​မဲ့ကဗျာလို့ အမည်​ခံပြီး လွတ်​လပ်​မှုဖက်​ကို ​ပြေးသွားခဲ့ပါတယ်​။ 
မော်​ဒန်​ဟာရာစုနှစ်​တစ်​ခုအထိအသက်​ရှည်​ပြီးတဲ့အခါ ပိုမို​ကောင်းမွန်​တဲ့အ​ရေးအသားအသစ်​တခုဆီကို ကူး​ပြောင်းခဲ့တယ်​။ ပို့စ်​​မော်​ဒန်​အဖြစ်​ အသက်​၀င်
လာတဲ့အချိန်​မှာ ဆူဆူညံညံ ​ဝေဖန်​သံကြားက ပို့စ်​​မော်​ဒန်​အဖြစ်​ ရဲရဲရင့်​ရင့်​ ကြီးပြင်းလာခဲ့တယ်​။တစ်​ချိန်​ထဲမှာပဲ ရိုမာန်​တစ်​လို့​အော်​မြည်​ပြီး ​နောက်​ထပ်​အကူးအ​ပြောင်း တစ်​ခုကိုတာစူလျှက်​သားနဲ့ ​​ပို့စ်​​မော်​ဒန်​ဖန်​တီးမှုစွမ်းရည်​ဟာ လင်းကနဲ
လက်​ကနဲ တည်​ငြိမ်​​တောက်​ပတဲ့ အလင်​တန်း​တွေလို နှလုံးသားအသီးသီးဆီစိုက်​၀င်​မှတ်​တိုင်​စိုက်​ခဲ့ပါတယ်​။
မော်​ဒန်​ရဲ့အဓိက​သွေး​ကြောက "ဘက်​"လိုက်​မှုကင်း​ဝေးခြင်းလို့ ဆိုချင်​ပါတယ်​။
အထူးသတိထားမှိလာတာက ကဗျာလက်​​သွေးစလူငယ်​များအ​နေဖြင့်​ အွန်​လိုင်း
ပေါ်မှတဆင့်​ကဗျာအ​ရေးအသားများ ​ဖောခြင်း​သောခြင်း ပစ်​​ဖောက်​လာမှုပါပဲ။
ကဗျာကိုရင်​၀ယ်​သားလို ​မွေးဖွားချင်​မှုရှိသူများအား မ​စော်​ကားပါ။ဝိရိယရှိသူများ
အားလဲမ​ကျော်​လွားပါ။ တကယ်​ကြိုးစား​ရေးသားကြသည့်​ လူငယ်​များအားလဲ
မရိုင်းပြလိုပါ။
၁။ လူရာဝင်​နာမည်​ကြီးလိုမှုဖြင့်​​တော့ မြန်​မာစာ​ပေအားပုံမဖျက်​​စေချင်​။
၂။အ​လွမ်း၊အ​ဆွေးဖြစ်​​စေကာမှု အ​ပျော်​တမ်းရသပျက်​​​စေဟု ​ မရည်​ရွယ်​မှိ​စေရန်
သို့​သော်​ အွန်​လိုင်း​ပေါ်မှ ခွင့်​ပြုချက်​မဲ့ ကဗျာများကိုကျွန်​​တော်​ကိုတိုင်​ ​ရေးဖွဲခြင်း​ကြောင့်​ ​ပေါ်ထွက်​လာသည့်​ အနုပညာဖန်​တီးမှု​လေးများကို​တော့ ချစ်​​နေမည်​သာ..
ဤ​ဝေဖန်​မှုအား ခံစားသူတဦးအ​နေဖြင့်​ ရင်​ထဲရှိသမျှ ​ရေးသားခြင်းပင်​ဖြစ်​ပါသည်​။
ကြောင်းကျိုးတိုက်​ဆိုင်​တိုင်း
ဝေဖန်​ပါဦးမည်​....
                                       #ဘာလုပ်​လုပ်​သိ
နေ​နေ့ဝိုင်​[n.n.yyy]
Friday, June 24, 2016
ဒီမိုက​ရေစီဖြင့်​ စကား​ပြောခြင်း
            ဒီမိုက​ရေစီနှင့်​စကား​ပြောခြင်း
            °°°°°°°°°°°°°°°°°°°°°°°°
*ဘယ်​လိုမီး​တောက်​မျိုးကမှ
မျော်​လင့်​ချက်​အိမ်​မက်​​တွေကို စီးချင်းမထိုးနိုင်​ခဲ့ဘူး...။
*​ရောင်ဝါဖြာကျင်းတဲ့ ပ​ဒေသရဇ်​​မြေမှာ
ဓားမဦးချ ကွန်းခိုရာ...။
*​လေ​လောင်​တဲ့ ညဉ့်​ဦးယံတိုင်း
အသူရာတို့ရဲ့​သွေးနဲ့စွတ်​လူး
အတိတ်​စူးတဲ့ လမ်းမှာ​နေထိုင်​ဖူးခဲ့တယ်​...။
*သံ​ယောဇဉ်​ဆိုတာ မတွန်းလှန်​မှိ​တော့
မြတ်​နိုးမှုတန်​ဖိုး​တွေပဲ မြင့်​တက်​လာတယ်​...။
*ကြယ်​မြင်​တုန်း ရွက်​ဖွင့်​ချင်​တယ်
ပြင်းရှခဲဆစ်​တဲ့ ယုံကြည်​မှုမျိုး​ပေါ့...။
*ဂယက်​ထန်​တဲ့ ​လောကဓံဆိုမျိုဆိုရင်
အ​ကြောမခံတမ်း ရင်​ဆိုင်​လိုက်​ပါမယ်​...။
*ယဉ်​​ကျေးမှု​တွေ လဲ့ဖြာလက်​​ဝေဆဲ
ပရိယယ်​ချို​တွေ ဖိတ်​လျှံဖြိုးဟုန်​တုန်း
အာကာသကို မမြင်​မှိခဲ့မှိဘူး...။
*မနက်​ခင်း​တွေ အလင်းဝင်​တိုင်း
အရင်းအမြစ်​​တွေ ထမ်းပိုးထားတဲ့
လူ့ကမ္ဘာကြီးကိုပဲ အားနာလာမှိတယ်​...။
မေ
  1.  
  • ဒီမိုက​ရေစီအ​ဆောက်​အဦးများသည်​ လူတန်းစာအဆင့်​တန်း အချင်းချင်းတို့၏တိုက်​ခိုက်​ရာ စစ်​​မြေပြင်​ဖြစ်​သည်​။...(မာ့း(ခစ်​)၀ါဒ) 
Tuesday, June 21, 2016
တတိယသက်​တမ်းမှ ဒုတိယ​တေမိ
တတိယသက်​တမ်းမှ ဒုတိယ​တေမိ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သစ်​ရွက်​လှုပ်​တိုင်း လိုက်​ရယ်
လိုချင်​မှိတိုင်း ပူဆာ
ဒီအရွယ်​မှာ ကိုမပါဘူး​လေ...။
အပြစ်​မပြင်​​တော့ပါဘူး
မိုးမမြင်​​လေမမြင်​ပဲ ချစ်​ချင်​တယ်​...
တ​တောလုံး​ဝေဖို့
တ​နွေလုံး​စောင့်​ခဲ့ရတာ​ပေါ့...။
ဘယ်​လိုပြသဒါးကမှ ကိုယ့်​ညထဲက
ထွက်​မသွားခဲ့ကြပါဘူး...
လဲ့ဝါရင့်​ကြမ်းတဲ့ ပြက္ခဒိန်​တိုင်းမှာ​တော့
မေ့မမရတဲ့ သမိုင်း​ကျမ်းတ​စောင်​ရှိတယ်​...။
မိုး​တွေလို ရွာဖို့ခက်
လေ​တွေလို တိုက်​ဖို့​ဝေး
ဆောင်းညလိုလဲ ချမ်း​မ​နေခဲ့ဘူး​လေ...
ဒီ...သိက္ခာလမ်းမှာ
လိပ်​ပြာတစ်​​ကောင်​လို
ပန်းအ​တောင်​နဲ့ ပျံလိုက်​ချင်​ရဲ့
ဒါ​ပေမဲ့...စိတ်​မှာပဲနွမ်းတယ်​...။
ရင်​ခွဲပြမှ ယုံမလားဟင်
စကားထာမဆန်​ ပ​ဟေဠိမမှန်​လို့
ဖြေရန်​မရှိတဲ့အတွက်
တေမိလိုပဲ ​နေခဲ့မှိတယ်​ကွယ်​...။
Monday, June 20, 2016
တစ်​ရံ​ရောအခါကဖြစ်​​လေ့မည်
တရံ​ရောအခါကဖြစ်​​လေ့မည်​ (၂)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သက်​​သေမရှိတဲ့အတွက်
ပင်​လယ်​ကို ငါရှုံးခဲ့တယ်
မနက်​ခင်း​ရေ...
ငါ့ရဲ့ ​သေဆုံးခြင်းကို
အမျှ​ဝေလိုက်​ပါ...
ခပ်​အအ ပင့်​ကူတစ်​​ကောင်​လို
ကိုယ့်​ပိုက်​ကွန်​မှာ ကိုယ်​တိုင်​ငြိ
ငါ့ဦး​ဏှောက်​ကို ဘယ်​သူ​ဖောက်​မလဲ...။
.....
ကိုယ့်​နားထဲကအသံ
ကိုယ်​ပြန်​ကြားရတဲ့  အချိန်​မှာ
ဒို၊​ရေ၊မီ၊ဖာ ​တွေ​ခေါင်းငုံ့
သူတို့ကို အ​ရေးမလုပ်​ပါနဲ့တဲ့
အဲ့လိုနဲ့...ငါကချိုမြခဲ့တာ​လေ...။
....
ကြွေစမ်းပါ ကြယ်​​တွေရယ်
ငါ..ဘာဆုမှမ​တောင်းဘူး...
ရောင်​နီပျို့သည်​အထိ
ဒီညနဲ့အတူရှိ​နေဖို့
ငါ...အထပ်​ထပ်​ကတိ​ပေးပါတယ်​...။
....
လေရိုင်းရိုင်း​တွေ ကဗျာရွတ်​သံကြားရတယ်
ေ​​​​​ကာင်းကင်းရဲ့ ​​အူသံလဲကြားရတယ်
တောအုပ်​ရဲ့ ဓမ္မ​တေးဝတ်​ပြုသံကြားရတယ်
က​ဝေတစ်​​ကောင်​သယ်​လာတဲ့ အလွမ်း​တွေက
ဗီးနပ်​(စ်​)ရဲ့ နံရိုး​ပေါ်မှာအ​ငွေ့ပျံသွား​လေရဲ့...
ငါက...
စက္ကူ​လှေ​တွေနဲ့ ​ရှေ့တိုး​နောက်​ဆုပ်​အလုပ်​ရှုပ်​ဆဲ...။
...
...
လက်​​ဆောင်
               လက်​​ဆောင်​(သို့)​မော်​ဒန်​သို့တိုင်​တည်​ခြင်း
                °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
     ချစ်​သူ...
မင်းကစကားအဆန်း​တွေ စိတ်​၀င်​စားသလား...?
ခလုံ...ခလွမ်​...ပလုံ...ပွတ်​   တဲ့
ကြည့်​စမ်း!!!ဘယ်​​လောက်​ဆန်းလိုက်​သလဲ
ကို​ယ်​​တောင်​ ဘာသံမှန်းမသိပါဘူးကွယ်​...။
     ချစ်​သူ...
မင်းက ကြီးကျယ်​မြင့်​မြတ်​​စေချင်​သလား...?
မင်းရဲ့​မွေး​နေ့မှာ
စင်္ကြာဝဠာကို လက်​​ဆောင်​​ပေးပြီး
ဓူဝံကြယ်​ကို ခူးပန်​​ပေးချင်​တာ
ဒါ​တောင်​...မဖြစ်​စ​လောက်​​လေးလို့ထင်​တဲ့​ကောင်​ပါ...။
      ချစ်​သူ...
မင်းက style ရှိပြီး sexyကျမှသ​ဘောကျသလား...?
ပ​လေးဘွိုင်းသန်းနိုင်​ သီချင်းဆိုရင်း
ဒါ​လောက်​က ကိုယ့်​အတွက်​နုပါတယ်​...။
     ချစ်​သူ...
ဒီကဗျာကို သုညဒီဂရီက​ရေးတယ်
ကိုးဆယ်​ဒီဂရီက ဖတ်​ပါ...
ဒီကဗျာကို ဆီမီး​ရောင်​အလင်းနဲ့​ရေးတယ်
မီး​ရောင်​စုံ​အောက်​မှာ ဖတ်​ပါ...
အဲ့ဒါမှ...ကိုယ်​​ကျေနပ်​နိုင်​မယ်​...။