ပျော်​ရွှင်​ခြင်းများဖြင့်​​အေးချမ်းကြပါ​စေ

ဘယ်​သူတရားဖျက်​ဖျက်​ကိုမပျက်​​စေနဲ့
Powered By Blogger

Tuesday, July 26, 2016

ဒိုင်​ယာရီ အက်​​ကြောင်း

***ဒိုင်ယာရီ အက်ကြောင်း***

🌷🌷🌷⛄⛄⛄❄❄❄

ဖြိုးဖြိုက်စီးဆင်းလာတဲ့
ဆီးနှင်းတွေကို စုတ်ဖြဲ
မေမေ့ရင်ခွင်ထဲ
ခိုကပ်ချင်တယ်. . .

📁📁📁

တေလေငှက်လေးရဲ့
ဖြစ်စဉ်ပြဇာတ်တွေအကြောင်း
တဖွဲ့တနွဲ့ ပြောပြချင်ရဲ့
ကိုယ့်ရှေ့က မှန်ချပ်ကိုကြည့်ရင်း...
အလိုလိုကြွေဆင်းသွားတဲ့
စီးကရက်ပြာတွေ
ကိုယ့်နားမှာ ရစ်ဆိုင်းလို့
လှောင်ပြောင်ရီ(ရယ်)မော
အသက်ရှုရတာ
မောတယ်...

🚬🚬🚬

မေမေရေ
မျှော်လင့်ချက်တွေ
ဂုတ်ပိုးပြီး
အိမ်အမိုးကို
စုံကန်ထွက်သွားတဲ့
ဒီရထားလည်း
ပေရေစုတ်ပြတ်
ဥသြသံတောင်
တိုးသဲ့သဲ့ပဲ
မြည်တော့တယ်. . .

💭💭💭

စက္ကန့်လေးတွေ
ခဏခဏ ကျော်ဖြတ်သွားတဲ့
ဒီရင်ဘတ်လည်း
အရင်လို မဖြူစင်နိုင်တော့
မူးတတ်ဝေတတ်
အပျော်အပါးတွေနဲ့
လက်ဆွဲနှုတ်ဆက်တတ်ပြီ။

⏳⌛⏳

ဒီလို နှင်းဝေတဲ့လက
ပုံတိုပတ်စတွေလည်း
ခပ်ယေးယေးတောင်
မကြားရတော့

📶📶📶

ဒိုင်ယာရီ စာအုပ်တွေ
လှန်ရင်း
စာမျက်နှာတွေကြည့်ရင်း
ကိုယ့်ရုပ်ကိုယ် ပြန်မြင်ခဲ့ရ
ဒီဆောင်းပြီးက
ဒီမိုးကုန်မှ
ဒီနွေကျော်မှ
ရာသီတွေ အလီလီကူးတောင်
ဒီငှက်က အသိုက်ပြန်မရောက်ခဲ့. .
တစ်နေ့တော့
ကမ်းပြန်ဆိုက်မယ်တွေးရင်း
ဒီခရီးနှင်ဦးမယ်။

🕛🕧🕐🕜🕑🕝🕒🕞🕓🕟🕔🕠🕕🕡🕖🕢🕗🕣🕘🕤🕙🕥🕚🕦  

        မိုးညှို့မှော်(ကဗျာလမ်း)
BeeTalk...ID..goldnumber007

1 comment:

  1. PEPTARONIC ARENA RED & ZARONIC CO.
    The best sunscreen titanium tent stakes for men and women titanium dioxide to titanium welding use is sunblock, sunblock, and other anti-aging ecosport titanium agents. fallout 76 black titanium

    ReplyDelete