ပျော်​ရွှင်​ခြင်းများဖြင့်​​အေးချမ်းကြပါ​စေ
ဘယ်​သူတရားဖျက်​ဖျက်​ကိုမပျက်​​စေနဲ့
Powered By Blogger
Monday, August 29, 2016
ရွံ့​မျော်​စင်
         🗼🏡🏡🏡ရွံ့​မျှော်​စင်​🏡🏡🏡🗼
                             🗼🗼🗼
                              🏠🏠🏠
မျက်​နှာကျက်​​မှာ ပင့်​ကူ​တွေ​ပျော်​​နေ
ဝရန်​တာအထိ ကြွက်​​တွေအသိုက်​​ပြောင်းတယ်
ပြာပုံက ​ခွေးကိုငုံ့ကြည့်​ရင်း
ခို​တွေက ငါ့ကို​လှောင်​ပြသွားကြ
မျော်​လင့်​ချက်​​တွေ​​ ပုရွတ်​ဆိတ်​မဲ့​နေတယ်
ငါ့ခေါင်​မိုးမှာ ပိုးဟပ်​​တွေ​သေဆုံး
မိုးမလင်း​သေးတဲ့ ​နွေနေ့ခင်း​တွေ
မ​နေ့တုန်းကအထိ အနားမှာရှိ​တယ်​.....🔍🔎🔂
🐜🐁💰
                              🏣🏣🏣
ငခူက ဧရာဝတီလိုပြုံးတယ်
အိမ်​က ပင်​လယ်​ကို​ကျော​ပေးထိုင်​​လို့
ငရုပ်​သီး​ထောင်းသံ​တွေ ကျယ်​​လောင်​​နေတယ်
နံရံ​ပေါ်လှံ​စိုက်​ရင်း သစ္စာ​တွေဆို
ပုခုံးနဲ့​ချွေးသုပ်​ပြီး ​ ဘုံဖျားမှာအိပ်
ခုနှစ်​​ကျော်​ငိုတဲ့က​လေးကို ​ချော့သိပ်​ရင်း
အိမ်​တံစက်​မြိတ်ထိ ​မြေမြိုခံရတယ်
ငါ့ကိုယ်​ငါ မြိုချကြည့်​တယ်
ငါလဲ မိုး​ရေ​တွေလို ခါးတယ်​.....🔍🔎🔂
🐕🐈💰
                                🏨🏨🏨
ဖ​ယောင်းသား​တွေ စား​သောက်​ရင်း
လောင်​သွားတဲ့ မီး​တောက်​​တွေနဲ့
အိမ်​လဲ ​ရေပူရာ​​လေပင့်​တယ်
သန်း​ခေါင်​က အရင်​လိုပဲအုံ့လို့
ဗြဟ္မာရဲ့​ခေါင်းကို ရင်​ဘတ်​ထဲထည့်​​ရင်း
အိမ်​​တွေရေ​ရော​သောက်​ရတာ ​ပေါ့တယ်
ဆေးလိပ်​​ကို ထိုး​ချေ
ဖန်​ခွက်​​တွေ ရိုက်​ခွဲ
ခု...အိမ်​ထဲမှာ ငါ့တ​ယောက်​ထဲ.....🔍🔎🔂
🐒🐛💰
                     🏡🏠🏣🏨🏩
🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩
🔞​နေ​နေ့ဝိုင်​{ñ.ñ.ÿÿÿ}
Saturday, August 13, 2016
အွန်​လိုင်းကဗျာ​လေလား...​မော်​ဒန်​​ခေါတ်​လား​မေးခွန်းနှင့်​ ဒုတိယအကြိမ်​​ဝေဖန်​​ရေး..
(အွန်​လိုင်းကဗျာ)
မော်​ဒန်​ကဗျာ
Neo.PoMo.LP ကဗျာ များသို့.....
ပထမတစ်​​ခေါက်​ ​ဝေဖန်​​ရေးပြသနာထဲမှာ​တော့ သ​ဘောထား ကွဲလွဲမှု​တွေကြုံရပါသည်​.....။
လူ​ပေါင်း​လေးရာ​ကျော်​ မျက်​​စောင်းထိုးသွားခဲ့ပြီ.....
ထပ်​​ပြောပါမည်​(မှိုင်းတိုက်​ရန်​အတွက်​ )ဒုတိယအကြိမ်
ထပ်​​ရေးခြင်းဖြစ်​ပါသည်
မော်​ဒန်​ကဗျာ...နိယို ...ပို့စ်​​မော်​ဒန်​...LP...စသည်​/စသည်​ဖြင့်​ ကဗျာပန်း​တွေပွင့်​သီးခဲ့ကြပြီ...။(အားနာစွာဖြင့်​...ကာရန်​ကဗျာ)​​တွေလဲ ပွင့်​ဖူးသီး​ဝေ ​ကြွေကျခဲ့ပြီ။
ပြောချင်​သမျှ​ပြောရလျှင်​ ကျမ်းတစ်​အုပ်​စာ​လောက်​ ထူပါ​လေ့မည်​။ မြင်​တိုင်း​ပြောရလျှင်​လဲ ...(ပြသနာရှိသည်​)
ဆိုလိုချင်​တာက ကဗျာ(မြန်​မာကဗျာ)ကို ကျွန်​​တော်​တို့မြန်​မာ​တွေ" `က´က​လေးငယ်​ ချစ်​စဖွယ်" ​​ထဲက ရင်းနှီးပြီးသား(ကကြီးခ​ကွေးဖတ်​တတ်​ရုံဖြင့်​ ကဗျာခံစားမှုနှင့်
ရင်းနှီးပြီးသား) ဟုဆိုချင်​ပါသည်​(ကဗျာ​ရေးတတ်​သည်​ဟု မဆိုလိုပါ/ဆိုလဲမဆိုပါ)။သတ္တမတန်းသင်​ရိုးတွင်​ ကဗျာဟူ၍ ​နေရာယူ ထားပါပြီ။(သိပြီးသားအ​ကြောင်းအရာများဟူ၍ ယူဆလျှင်​ ​ကျော်​ဖတ်​ပါ) ။ကဗျာဆိုတာ ဘာလဲလို့ ထပ်​မ​မေးကြပါနှင့်​...
ခေါတ်​စနစ်​အရ စာ​ဟေ့ဆိုပြီး ပန္နက်​ရိုက်​ရသည့်​ အသိတရားဖြင့်​ နှလုံးသားအလှုပ်​အခတ်​​ကြောင့်​ ကဗျာ​ဟေ့ ဆိုပြီး ထ​အော်​ကြတာပါ။(ဒါကျွန်​​တော့်​ အ​ကြောင်းပါ)
ဝေဖန်​​ရေး
၁။ သုံးသပ်​သည်​(ယဉ်​​ကျေးစွာ ​ဝေဖန်​​ရေး)
၂။ချဉ်းကပ်​သည်​(​ဝေဖန်​​ရေးကို ​​ဖော်​​ရွှေစွာ​ဝေဖန်​ခြင်း)
ထိုကဲ့သို့ မြင်​ပါသည်​။ကျွန်​​တော်​ဘာ​ကောင်​လဲလို့ မ​မေးပါနှင့်​ စမ်းချင်​သလိုအစမ်းခံတဲ့ ဘဂျမ်းက ပြဇတ်​(ဇတ်​လမ်း)​ခေါတ်​မှာကျန်​ခဲ့ပြီ...။
ကျွန်​​တော်​ဘာ​ကြောင့်​​ဝေဖန်​သလဲဆိုရလျှင်​ ​ဝေဖန်​ချင်​လို့ ​ဝေဖန်​သည်​။
ကဗျာ/ဂီတ/ရသ/စာ​ပေ/ပန်းချီ/ပန်းပု အနုပညာပစ္စည်းတိုင်​ကိုချစ်​သူတဦးဆိုပါလျှင်​​ရှေ့ဆက်​အက္ခရာများကို ကျွန်​​တော်​နှင့်​အတူ ဆက်​လက်​လိုက်​လံ​ဝေဖန်​ပါ(ထပ်​​ပြောပါမည်​/ကျွန်​​တော်​နင့်​အတူလိုက်​လံ​ဝေဖန်​ပါ/ပြီးလျှင်​ဆန်းစစ်​ပါ)။ကျွန်ုပ်​ဘာကို​ပြောသည်​ဆိုသည်​ထက်​ သင်​ဘယ်​လို​ပြောသည်​က အဓိကပိုကျပါတယ်​)
အနုပညာပစ္စည်းများစွာထဲက အရာများနှင့်​ကျွန်​​တော်​မိတ်​ဆက်​ကြည့်​ပါသည်​။(တိုတိုနှင့်​လိုရင်း)
၁။ ဘယ်​ကဗျာကို​ရေးမှာလဲ
၂။ဘယ်​ဂီတကို တီးမှာလဲ
၃။ဘယ်​ရသကို ကျူးရင့်​မှာလဲ
၎။ဘယ်​ပန်းချီကို ဆွဲမှာလဲ
၅။ဘယ်​ပန်းပုကို ထုမှာလဲ
မော်​ဒန်​/ပို့စ်​​မော်​ဒန်​/နီယို/အယ်​လ်​ပီ/နှင့်​ အခြား​သောကဗျာများ(ကျွန်​​တော်​မထိ​တွေ့ဖူး​သေး​သောကဗျာများ)နှင့်​ အကျုံးဝင်​​သော (အွန်​လိုင်းကဗျာ)ကို​ရေးပါမည်​။
ကဗျာ​ဟေ့လို ​အော်​သွားသည့်​ ဆရာ့ဆရာ​တွေရဲ့ ​ခေါတ်​လား ကျွန်​​တော်​တို့ ​ရေးခြစ်​မဲ့ ကျွန်​​တော်​တို့​ခေါတ်​လား???ဒီ​မေးခွန်းကို ကျွန်​​တော့်​ဘာသာ​မေးပြီး​ဖြေရလျှင်
(ကျွန်​​တော်​တို့​ရေးခြစ်​မဲ့ ကျွန်​​တော်​တို့​ခေါတ်​)
ကျွန်​​တော်​သည်​ တတ်​​ယောင်​ကား ပျံကျ တစ်​​ကောင်​ ဖြစ်​​ကောင်​ဖြစ်​နိုင်​သည်​။( ငြိမ်းချမ်းစွာသ​ဘောထားကွဲလွဲခွင့်​ကို သ​ဘောထားကြီးစွာလက်​ခံပါသည်​)။
အယူဆခြင်းတူလျှင်​ဆက်​ဖတ်​ပါ...(ဒါ​လောက်​ဆို(ကျွန်​​တော်​တို့​ခေါတ်​)ကို ​ဝေဖန်​သွားလို့ရပြီ)
ကျွန်​​တော်​တို့​ခေါတ်​ရဲ့ ​နောက်​က​ခေါတ်​မှာ ကဗျာ​အော်​သံ​တွေ ဆူခဲ့ပြီးပြီ(မရို​သေ၍ မ​ဟုတ်​) အမှန်​အတိုင်း​ပြောခြင်းပါ။ပြသနာက ပွဲဆူမှလူပိုကြိုက်​တာ ပြသနာရှိသည်​။(ဘယ်​သူ​တွေ​အော်​ခဲ့သလဲ ပြန်​ကြည့်​ပါ
ကွက်​ကွက်​ကွင်းကွင်း ​တွေ့ရပါလိမ့်​မည်​)။ကျွန်​​တော်​အကြွင်းမဲ့မသိပါ(ထိုစကားကိုထပ်​ရှင်းမည်​)
ထပ်​​ပြောပါမည်​(ကျွန်​​တော်​တို့ကလွဲရင်​ ကျွန်​​တော့်​ကိုကျွန်​​တော်​လဲမယုံပါ)
ကျွန်​​တော်​အ​မေ​ကျော်​ ​ဒွေး​တော်​လွမ်း မှိသဖြင့်​ ကိစ္စတစ်​ခုကြုံပါသည်​။
မှတ်​စုစာအုပ်​​လေး​ပေါ်မှာ ပါ။(အ​ရေးကြီးသည်​ထင်​၍)
ဘရုစ်​စလီ(ကွန်​ဖူးသိုင်းပညာရှင်​)ဆိုသူတစ်​ဦး၏ စကားစု(ဒသနလို့ ​ပြောလျှင်​လဲရပါသည်​) ထိုစာအား
ချ​ရေး မှတ်​သားဖူးပါသည်​။ ​အောက်​ပါအတိုင်းပါ...
   "မ​တွေး နဲ့
     မစဉ်းစား နဲ့
      အဲ့ဒါကို ခံစား
စဉ်းစားမ​နေနဲ့ ...ခံစား"
စာ​လေး/​လေးကြောင်းထဲပါ... ​သေချာကျန ထုပ်​ပိုးထားသည့်​ အထုပ်​​လေးနှင့်​တူပါသည်​။ အဓိပ္ပယ်​ရှိသည်​ဟု ယူဆ၍လဲ ​ရေးထားခြင်းပင်
ပြသနာ အစစ်​က...ဒီလို
မ​တွေးနဲ့
မစဉ်းစားနဲ့
အဲ့ဒါကို ခံစား...ဆိုတဲ့ စာသုံး​ကြောင်း ကိုခြား၍
စဉ်းစားမ​နေနဲ့...ခံစား လို့ ​ရေးမှတ်​မှိခြင်းပါ။
နောက်​လ/ရက်​ ​တော်​​တော်​ကြာကြာမှာ ပြန်​ဖတ်​တဲ့အခါ....
"မ​တွေး နဲ့
မစဉ်းစား နဲ့ 
အဲ့ဒါကို ခံစား
ညောင်းညာကိုက်​ခဲ​နေရင်
စဉ်​စားမ​နေနဲ့...ခံစား"မ​နေနဲ့
ဘိုင်​အိုဂျစ်​ဆက်​ ၀ယ်​​သောက်​ ​ပျောက်​တယ်​"....တဲ့
မျောက်​​လောက်​​ဆော့တဲ့ ဒုတိယတန်း​ကျောင်းသား ကျွန်​​တော့်​ တူ​တော်​ ခ​လေး​လေးပါ။(စိတ်​ထဲမှာ တခုခုကိုသိလိုက်​ပါတယ်​) စာရွက်​ကို ဖြဲစုတ်​ပစ်​လိုက်​တယ်​။
သေချာသွားပြီ...
သေချာသွားပါပြီ(မ​သေချာဘူးထင်​လျှင်​ပြန်​ဖတ်​ပါ)
"​ညောင်းညာကိုက်​ခဲတာကို ဘိုင်​အိုဂျက်​ဆစ်​ ၀ယ်​​သောက်
ပျောက်​တယ်​ဆိုတဲ့ " က​လေးအ​တွေး ဖြည့်​စွတ်​ချက်​က
ကျွန်​​တော်​ အယူသီးမှု​တွေကို ရိုက်​ချပြလိုက်​တာပါပဲ...
ဘရုစ္စလီ(ကွန်​ဖူး​နောက်​က ပညာရှင်​)ရဲ့ စကားကို ဘာ​ကြောင့်​ က​လေးအ​တွေးက က​မောက်​ကမ ဖြစ်​​စေတာလဲ...
ကျွန်​​တော့်​အတွက်​​တော့ ဘရုစ္စလီသည်​ ​သေပြီ(ဒါပါပဲ)
ဒီ​ခေါတ်​ ဘယ်​သူ့​ခေါတ်​လဲ???
ကျွန်​​တော့်​​မေးခွန်းကို"ကျွန်​​တော်​တို့ ​ခေါတ်​လို့ ​"ဖြေမဲ့သူ
ရှိလျှင်​ ရင်​ခုန်​စရာအ​ကောင်းဆုံး ​မေးခွန်းရှိပါသည်​။
ကျွန်​​တော်​တို့ ​ခေါတ်​ကို"ဘယ်​သူ"ဦး​ဆောင်​မလဲ???
ကျွန်​​တော်​တို့ ​ခေါတ်​ကို "ဘယ်​သူ "ဦး​ဆောင်​မလဲ???
"ကျွန်​​တော်​တို့ ​ခေါတ်​ကို ဘယ်​သူဦး​ဆောင်​မလဲ???
ပြောစရာမကုန်​​သေးပါ။သို့ဖြင့်
အားသည့်​အချိန်​ထပ်​ရှင်းပါမည်​။
စာကိုး။ ။ ကျွန်​​တော့်​ ယုံကြည်​မှု
နေ​နေ့ဝိုင်​(n.n.yyy) 
Wednesday, August 3, 2016
ကြိုးတန်း​လျှောက်​ပွဲ​တော်
★ ★ ★ ကြိုးတန်း​လျှောက်​ပွဲ​တော်​★ ★ ★ 
🌜🌜🌜
ငါက ​နွေရာသီကိုရှာတယ်
နွေရာသီက ငါ့ကိုရှာတယ်
အဲ့ဒီလိုနဲ့
စမ်း​တွေမှာ ​ရေခမ်းသွားခဲ့တယ်​.....။
🌅🌅🌅
မိုးက  မြစ်​၊​​​ချောင်း​တွေကို
ပြိုင်ဘက်မဲ့ နိုင်တယ်
ပင်​လယ်​မှာ​တော့ ရှုံးသွားတယ်
မုတ်​သုံနိဂုံးဟာ
အ​ရှေ့​မြောက်​​ကောင်းကင်​မှာ 
သေဆုံးသွားခဲ့တယ်​.....။
🌂🌂🌂
ကောင်​မ​လေး​ရေ...
မ​နေ့က​ကြွေဆင်းခဲ့တဲ့ နှင်း​တွေ
ဘယ်​မှာလဲ...
.....
.....
.....   ​ဖြေ.....။
⛄⛄⛄