ပျော်​ရွှင်​ခြင်းများဖြင့်​​အေးချမ်းကြပါ​စေ

ဘယ်​သူတရားဖျက်​ဖျက်​ကိုမပျက်​​စေနဲ့
Powered By Blogger

Saturday, July 16, 2016

တနင်္ဂ​နွေတခြမ်းပဲ့များ


တနင်္ဂနွေတခြမ်းပဲ့များ
   ငါ…
မြင်ဖူး ကြားဖူးတဲ့
အတိတ်အာရုံတွေဆီ
ခဏခဏပြန်ရောက်မိတယ်။
  အချိန်ကြာလာတာနဲ့အမျှ
ဒဏ်ရာက ဟောင်းနွမ်းသွားမှာပဲလေ
သံသရာက လည်ပတ်ဆဲဆိုတော့
လွမ်းဆွေးမှုတွေ ရာထောင်ချီ
ကြီးထွားလာခဲ့ရင်…။
  ဟူး…
တကယ်လို့များ
မလွမ်းတတ်ခဲ့ရင်ပေါ့
နင်ချန်ထားပစ်ခဲ့တာကို
ရီကာ ဟားတိုက်ပစ်မိမယ်
အခုတော့…
အကြင်နာ ကမ်းပြို့လျှက်
ရင်နာစရာလမ်းအိုထက်
နာကျင်တဲ့ခြေလှမ်းတွေက
အခါခါလျောက်နေတုန်း။
  ပျောက်ရှသွားတဲ့ အချစ်က
စုဖွဲ့ပေါင်းစပ် တိမ်တိုက်အဖြစ်
မာန်ဟုန်ပြင်းစွာ မိုးရွာကုန်သလား…။
  မြေပြန့် လွင်ပြင်
တောတောင်ချောက်ကမ်းပါးတွေ
ခရီးသွားနေဆဲ
ကျောက်ဆောင်ပေါ်က
လှိုင်းလုံးကြီးတွေရေ
နောက်ကျသွားတဲ့ အချိန်ကိုပြန်တွေ့ရင်
အဲ့သေတ္တာကို ပိတ်ပေးခဲ့ပါ……။       ။
                     
    ..အိမ်​မက်​လူ(စိတ္တဇမှတ်​တမ်း)





Credit:လို့မ​ပြောချင်​ပဲ​ပြောရသည်​။

မကြားချင်​လဲကြားပါ​စေ။

No comments:

Post a Comment