ပျော်​ရွှင်​ခြင်းများဖြင့်​​အေးချမ်းကြပါ​စေ

ဘယ်​သူတရားဖျက်​ဖျက်​ကိုမပျက်​​စေနဲ့
Powered By Blogger

Monday, August 29, 2016

ရွံ့​မျော်​စင်

         🗼🏡🏡🏡ရွံ့​မျှော်​စင်​🏡🏡🏡🗼
                             🗼🗼🗼
                              🏠🏠🏠
မျက်​နှာကျက်​​မှာ ပင့်​ကူ​တွေ​ပျော်​​နေ
ဝရန်​တာအထိ ကြွက်​​တွေအသိုက်​​ပြောင်းတယ်
ပြာပုံက ​ခွေးကိုငုံ့ကြည့်​ရင်း
ခို​တွေက ငါ့ကို​လှောင်​ပြသွားကြ
မျော်​လင့်​ချက်​​တွေ​​ ပုရွတ်​ဆိတ်​မဲ့​နေတယ်
ငါ့ခေါင်​မိုးမှာ ပိုးဟပ်​​တွေ​သေဆုံး
မိုးမလင်း​သေးတဲ့ ​နွေနေ့ခင်း​တွေ
မ​နေ့တုန်းကအထိ အနားမှာရှိ​တယ်​.....🔍🔎🔂
🐜🐁💰
                              🏣🏣🏣
ငခူက ဧရာဝတီလိုပြုံးတယ်
အိမ်​က ပင်​လယ်​ကို​ကျော​ပေးထိုင်​​လို့
ငရုပ်​သီး​ထောင်းသံ​တွေ ကျယ်​​လောင်​​နေတယ်
နံရံ​ပေါ်လှံ​စိုက်​ရင်း သစ္စာ​တွေဆို
ပုခုံးနဲ့​ချွေးသုပ်​ပြီး ​ ဘုံဖျားမှာအိပ်
ခုနှစ်​​ကျော်​ငိုတဲ့က​လေးကို ​ချော့သိပ်​ရင်း
အိမ်​တံစက်​မြိတ်ထိ ​မြေမြိုခံရတယ်
ငါ့ကိုယ်​ငါ မြိုချကြည့်​တယ်
ငါလဲ မိုး​ရေ​တွေလို ခါးတယ်​.....🔍🔎🔂
🐕🐈💰
                                🏨🏨🏨
ဖ​ယောင်းသား​တွေ စား​သောက်​ရင်း
လောင်​သွားတဲ့ မီး​တောက်​​တွေနဲ့
အိမ်​လဲ ​ရေပူရာ​​လေပင့်​တယ်
သန်း​ခေါင်​က အရင်​လိုပဲအုံ့လို့
ဗြဟ္မာရဲ့​ခေါင်းကို ရင်​ဘတ်​ထဲထည့်​​ရင်း
အိမ်​​တွေရေ​ရော​သောက်​ရတာ ​ပေါ့တယ်
ဆေးလိပ်​​ကို ထိုး​ချေ
ဖန်​ခွက်​​တွေ ရိုက်​ခွဲ
ခု...အိမ်​ထဲမှာ ငါ့တ​ယောက်​ထဲ.....🔍🔎🔂
🐒🐛💰
                     🏡🏠🏣🏨🏩
🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩🚩
🔞​နေ​နေ့ဝိုင်​{ñ.ñ.ÿÿÿ}

No comments:

Post a Comment