(အွန်လိုင်းကဗျာ)
မော်ဒန်ကဗျာ
Neo.PoMo.LP ကဗျာ များသို့.....
ပထမတစ်ခေါက် ဝေဖန်ရေးပြသနာထဲမှာတော့ သဘောထား ကွဲလွဲမှုတွေကြုံရပါသည်.....။
လူပေါင်းလေးရာကျော် မျက်စောင်းထိုးသွားခဲ့ပြီ.....
ထပ်ပြောပါမည်(မှိုင်းတိုက်ရန်အတွက် )ဒုတိယအကြိမ်
ထပ်ရေးခြင်းဖြစ်ပါသည်
မော်ဒန်ကဗျာ...နိယို ...ပို့စ်မော်ဒန်...LP...စသည်/စသည်ဖြင့် ကဗျာပန်းတွေပွင့်သီးခဲ့ကြပြီ...။(အားနာစွာဖြင့်...ကာရန်ကဗျာ)တွေလဲ ပွင့်ဖူးသီးဝေ ကြွေကျခဲ့ပြီ။
ပြောချင်သမျှပြောရလျှင် ကျမ်းတစ်အုပ်စာလောက် ထူပါလေ့မည်။ မြင်တိုင်းပြောရလျှင်လဲ ...(ပြသနာရှိသည်)
ဆိုလိုချင်တာက ကဗျာ(မြန်မာကဗျာ)ကို ကျွန်တော်တို့မြန်မာတွေ" `က´ကလေးငယ် ချစ်စဖွယ်" ထဲက ရင်းနှီးပြီးသား(ကကြီးခကွေးဖတ်တတ်ရုံဖြင့် ကဗျာခံစားမှုနှင့်
ရင်းနှီးပြီးသား) ဟုဆိုချင်ပါသည်(ကဗျာရေးတတ်သည်ဟု မဆိုလိုပါ/ဆိုလဲမဆိုပါ)။သတ္တမတန်းသင်ရိုးတွင် ကဗျာဟူ၍ နေရာယူ ထားပါပြီ။(သိပြီးသားအကြောင်းအရာများဟူ၍ ယူဆလျှင် ကျော်ဖတ်ပါ) ။ကဗျာဆိုတာ ဘာလဲလို့ ထပ်မမေးကြပါနှင့်...
ခေါတ်စနစ်အရ စာဟေ့ဆိုပြီး ပန္နက်ရိုက်ရသည့် အသိတရားဖြင့် နှလုံးသားအလှုပ်အခတ်ကြောင့် ကဗျာဟေ့ ဆိုပြီး ထအော်ကြတာပါ။(ဒါကျွန်တော့် အကြောင်းပါ)
ဝေဖန်ရေး
၁။ သုံးသပ်သည်(ယဉ်ကျေးစွာ ဝေဖန်ရေး)
၂။ချဉ်းကပ်သည်(ဝေဖန်ရေးကို ဖော်ရွှေစွာဝေဖန်ခြင်း)
ထိုကဲ့သို့ မြင်ပါသည်။ကျွန်တော်ဘာကောင်လဲလို့ မမေးပါနှင့် စမ်းချင်သလိုအစမ်းခံတဲ့ ဘဂျမ်းက ပြဇတ်(ဇတ်လမ်း)ခေါတ်မှာကျန်ခဲ့ပြီ...။
ကျွန်တော်ဘာကြောင့်ဝေဖန်သလဲဆိုရလျှင် ဝေဖန်ချင်လို့ ဝေဖန်သည်။
ကဗျာ/ဂီတ/ရသ/စာပေ/ပန်းချီ/ပန်းပု အနုပညာပစ္စည်းတိုင်ကိုချစ်သူတဦးဆိုပါလျှင်ရှေ့ဆက်အက္ခရာများကို ကျွန်တော်နှင့်အတူ ဆက်လက်လိုက်လံဝေဖန်ပါ(ထပ်ပြောပါမည်/ကျွန်တော်နင့်အတူလိုက်လံဝေဖန်ပါ/ပြီးလျှင်ဆန်းစစ်ပါ)။ကျွန်ုပ်ဘာကိုပြောသည်ဆိုသည်ထက် သင်ဘယ်လိုပြောသည်က အဓိကပိုကျပါတယ်)
အနုပညာပစ္စည်းများစွာထဲက အရာများနှင့်ကျွန်တော်မိတ်ဆက်ကြည့်ပါသည်။(တိုတိုနှင့်လိုရင်း)
၁။ ဘယ်ကဗျာကိုရေးမှာလဲ
၂။ဘယ်ဂီတကို တီးမှာလဲ
၃။ဘယ်ရသကို ကျူးရင့်မှာလဲ
၎။ဘယ်ပန်းချီကို ဆွဲမှာလဲ
၅။ဘယ်ပန်းပုကို ထုမှာလဲ
မော်ဒန်/ပို့စ်မော်ဒန်/နီယို/အယ်လ်ပီ/နှင့် အခြားသောကဗျာများ(ကျွန်တော်မထိတွေ့ဖူးသေးသောကဗျာများ)နှင့် အကျုံးဝင်သော (အွန်လိုင်းကဗျာ)ကိုရေးပါမည်။
ကဗျာဟေ့လို အော်သွားသည့် ဆရာ့ဆရာတွေရဲ့ ခေါတ်လား ကျွန်တော်တို့ ရေးခြစ်မဲ့ ကျွန်တော်တို့ခေါတ်လား???ဒီမေးခွန်းကို ကျွန်တော့်ဘာသာမေးပြီးဖြေရလျှင်
(ကျွန်တော်တို့ရေးခြစ်မဲ့ ကျွန်တော်တို့ခေါတ်)
ကျွန်တော်သည် တတ်ယောင်ကား ပျံကျ တစ်ကောင် ဖြစ်ကောင်ဖြစ်နိုင်သည်။( ငြိမ်းချမ်းစွာသဘောထားကွဲလွဲခွင့်ကို သဘောထားကြီးစွာလက်ခံပါသည်)။
အယူဆခြင်းတူလျှင်ဆက်ဖတ်ပါ...(ဒါလောက်ဆို(ကျွန်တော်တို့ခေါတ်)ကို ဝေဖန်သွားလို့ရပြီ)
ကျွန်တော်တို့ခေါတ်ရဲ့ နောက်ကခေါတ်မှာ ကဗျာအော်သံတွေ ဆူခဲ့ပြီးပြီ(မရိုသေ၍ မဟုတ်) အမှန်အတိုင်းပြောခြင်းပါ။ပြသနာက ပွဲဆူမှလူပိုကြိုက်တာ ပြသနာရှိသည်။(ဘယ်သူတွေအော်ခဲ့သလဲ ပြန်ကြည့်ပါ
ကွက်ကွက်ကွင်းကွင်း တွေ့ရပါလိမ့်မည်)။ကျွန်တော်အကြွင်းမဲ့မသိပါ(ထိုစကားကိုထပ်ရှင်းမည်)
ထပ်ပြောပါမည်(ကျွန်တော်တို့ကလွဲရင် ကျွန်တော့်ကိုကျွန်တော်လဲမယုံပါ)
ကျွန်တော်အမေကျော် ဒွေးတော်လွမ်း မှိသဖြင့် ကိစ္စတစ်ခုကြုံပါသည်။
မှတ်စုစာအုပ်လေးပေါ်မှာ ပါ။(အရေးကြီးသည်ထင်၍)
ဘရုစ်စလီ(ကွန်ဖူးသိုင်းပညာရှင်)ဆိုသူတစ်ဦး၏ စကားစု(ဒသနလို့ ပြောလျှင်လဲရပါသည်) ထိုစာအား
ချရေး မှတ်သားဖူးပါသည်။ အောက်ပါအတိုင်းပါ...
"မတွေး နဲ့
မစဉ်းစား နဲ့
အဲ့ဒါကို ခံစား
စဉ်းစားမနေနဲ့ ...ခံစား"
စာလေး/လေးကြောင်းထဲပါ... သေချာကျန ထုပ်ပိုးထားသည့် အထုပ်လေးနှင့်တူပါသည်။ အဓိပ္ပယ်ရှိသည်ဟု ယူဆ၍လဲ ရေးထားခြင်းပင်
ပြသနာ အစစ်က...ဒီလို
မတွေးနဲ့
မစဉ်းစားနဲ့
အဲ့ဒါကို ခံစား...ဆိုတဲ့ စာသုံးကြောင်း ကိုခြား၍
စဉ်းစားမနေနဲ့...ခံစား လို့ ရေးမှတ်မှိခြင်းပါ။
နောက်လ/ရက် တော်တော်ကြာကြာမှာ ပြန်ဖတ်တဲ့အခါ....
"မတွေး နဲ့
မစဉ်းစား နဲ့
အဲ့ဒါကို ခံစား
ညောင်းညာကိုက်ခဲနေရင်
စဉ်စားမနေနဲ့...ခံစား"မနေနဲ့
ဘိုင်အိုဂျစ်ဆက် ၀ယ်သောက် ပျောက်တယ်"....တဲ့
မျောက်လောက်ဆော့တဲ့ ဒုတိယတန်းကျောင်းသား ကျွန်တော့် တူတော် ခလေးလေးပါ။(စိတ်ထဲမှာ တခုခုကိုသိလိုက်ပါတယ်) စာရွက်ကို ဖြဲစုတ်ပစ်လိုက်တယ်။
သေချာသွားပြီ...
သေချာသွားပါပြီ(မသေချာဘူးထင်လျှင်ပြန်ဖတ်ပါ)
"ညောင်းညာကိုက်ခဲတာကို ဘိုင်အိုဂျက်ဆစ် ၀ယ်သောက်
ပျောက်တယ်ဆိုတဲ့ " ကလေးအတွေး ဖြည့်စွတ်ချက်က
ကျွန်တော် အယူသီးမှုတွေကို ရိုက်ချပြလိုက်တာပါပဲ...
ဘရုစ္စလီ(ကွန်ဖူးနောက်က ပညာရှင်)ရဲ့ စကားကို ဘာကြောင့် ကလေးအတွေးက ကမောက်ကမ ဖြစ်စေတာလဲ...
ကျွန်တော့်အတွက်တော့ ဘရုစ္စလီသည် သေပြီ(ဒါပါပဲ)
ဒီခေါတ် ဘယ်သူ့ခေါတ်လဲ???
ကျွန်တော့်မေးခွန်းကို"ကျွန်တော်တို့ ခေါတ်လို့ "ဖြေမဲ့သူ
ရှိလျှင် ရင်ခုန်စရာအကောင်းဆုံး မေးခွန်းရှိပါသည်။
ကျွန်တော်တို့ ခေါတ်ကို"ဘယ်သူ"ဦးဆောင်မလဲ???
ကျွန်တော်တို့ ခေါတ်ကို "ဘယ်သူ "ဦးဆောင်မလဲ???
"ကျွန်တော်တို့ ခေါတ်ကို ဘယ်သူဦးဆောင်မလဲ???
ပြောစရာမကုန်သေးပါ။သို့ဖြင့်
အားသည့်အချိန်ထပ်ရှင်းပါမည်။
စာကိုး။ ။ ကျွန်တော့် ယုံကြည်မှု
နေနေ့ဝိုင်(n.n.yyy)

No comments:
Post a Comment