မော်ဒန်ကဗျာများနှင့် ရသစာစုလေးများ
ကဗျာဆိုတာ က၀ိပစ္စည်းဖြစ်တယ်။ မောင်လှမျိုး
ပျော်ရွှင်ခြင်းများဖြင့်အေးချမ်းကြပါစေ
ဘယ်သူတရားဖျက်ဖျက်ကိုမပျက်စေနဲ့
Tuesday, June 21, 2016
တတိယသက်တမ်းမှ ဒုတိယတေမိ
တတိယသက်တမ်းမှ ဒုတိယတေမိ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သစ်ရွက်လှုပ်တိုင်း လိုက်ရယ်
လိုချင်မှိတိုင်း ပူဆာ
ဒီအရွယ်မှာ ကိုမပါဘူးလေ...။
အပြစ်မပြင်တော့ပါဘူး
မိုးမမြင်လေမမြင်ပဲ ချစ်ချင်တယ်...
တတောလုံးဝေဖို့
တနွေလုံးစောင့်ခဲ့ရတာပေါ့...။
ဘယ်လိုပြသဒါးကမှ ကိုယ့်ညထဲက
ထွက်မသွားခဲ့ကြပါဘူး...
လဲ့ဝါရင့်ကြမ်းတဲ့ ပြက္ခဒိန်တိုင်းမှာတော့
မေ့မမရတဲ့ သမိုင်းကျမ်းတစောင်ရှိတယ်...။
မိုးတွေလို ရွာဖို့ခက်
လေတွေလို တိုက်ဖို့ဝေး
ဆောင်းညလိုလဲ ချမ်းမနေခဲ့ဘူးလေ...
ဒီ...သိက္ခာလမ်းမှာ
လိပ်ပြာတစ်ကောင်လို
ပန်းအတောင်နဲ့ ပျံလိုက်ချင်ရဲ့
ဒါပေမဲ့...စိတ်မှာပဲနွမ်းတယ်...။
ရင်ခွဲပြမှ ယုံမလားဟင်
စကားထာမဆန် ပဟေဠိမမှန်လို့
ဖြေရန်မရှိတဲ့အတွက်
တေမိလိုပဲ နေခဲ့မှိတယ်ကွယ်...။
နေနေ့ဝိုင်(n.n.yyy)
No comments:
Post a Comment
Newer Post
Older Post
Home
Subscribe to:
Post Comments (Atom)
No comments:
Post a Comment