ပျော်​ရွှင်​ခြင်းများဖြင့်​​အေးချမ်းကြပါ​စေ
ဘယ်​သူတရားဖျက်​ဖျက်​ကိုမပျက်​​စေနဲ့
Powered By Blogger
Monday, June 20, 2016
လက်​​ဆောင်
               လက်​​ဆောင်​(သို့)​မော်​ဒန်​သို့တိုင်​တည်​ခြင်း
                °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
     ချစ်​သူ...
မင်းကစကားအဆန်း​တွေ စိတ်​၀င်​စားသလား...?
ခလုံ...ခလွမ်​...ပလုံ...ပွတ်​   တဲ့
ကြည့်​စမ်း!!!ဘယ်​​လောက်​ဆန်းလိုက်​သလဲ
ကို​ယ်​​တောင်​ ဘာသံမှန်းမသိပါဘူးကွယ်​...။
     ချစ်​သူ...
မင်းက ကြီးကျယ်​မြင့်​မြတ်​​စေချင်​သလား...?
မင်းရဲ့​မွေး​နေ့မှာ
စင်္ကြာဝဠာကို လက်​​ဆောင်​​ပေးပြီး
ဓူဝံကြယ်​ကို ခူးပန်​​ပေးချင်​တာ
ဒါ​တောင်​...မဖြစ်​စ​လောက်​​လေးလို့ထင်​တဲ့​ကောင်​ပါ...။
      ချစ်​သူ...
မင်းက style ရှိပြီး sexyကျမှသ​ဘောကျသလား...?
ပ​လေးဘွိုင်းသန်းနိုင်​ သီချင်းဆိုရင်း
ဒါ​လောက်​က ကိုယ့်​အတွက်​နုပါတယ်​...။
     ချစ်​သူ...
ဒီကဗျာကို သုညဒီဂရီက​ရေးတယ်
ကိုးဆယ်​ဒီဂရီက ဖတ်​ပါ...
ဒီကဗျာကို ဆီမီး​ရောင်​အလင်းနဲ့​ရေးတယ်
မီး​ရောင်​စုံ​အောက်​မှာ ဖတ်​ပါ...
အဲ့ဒါမှ...ကိုယ်​​ကျေနပ်​နိုင်​မယ်​...။
No comments:
Post a Comment