တရံရောအခါကဖြစ်လေ့မည် (၂)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
သက်သေမရှိတဲ့အတွက်
ပင်လယ်ကို ငါရှုံးခဲ့တယ်
မနက်ခင်းရေ...
ငါ့ရဲ့ သေဆုံးခြင်းကို
အမျှဝေလိုက်ပါ...
ခပ်အအ ပင့်ကူတစ်ကောင်လို
ကိုယ့်ပိုက်ကွန်မှာ ကိုယ်တိုင်ငြိ
ငါ့ဦးဏှောက်ကို ဘယ်သူဖောက်မလဲ...။
.....
ကိုယ့်နားထဲကအသံ
ကိုယ်ပြန်ကြားရတဲ့ အချိန်မှာ
ဒို၊ရေ၊မီ၊ဖာ တွေခေါင်းငုံ့
သူတို့ကို အရေးမလုပ်ပါနဲ့တဲ့
အဲ့လိုနဲ့...ငါကချိုမြခဲ့တာလေ...။
....
ကြွေစမ်းပါ ကြယ်တွေရယ်
ငါ..ဘာဆုမှမတောင်းဘူး...
ရောင်နီပျို့သည်အထိ
ဒီညနဲ့အတူရှိနေဖို့
ငါ...အထပ်ထပ်ကတိပေးပါတယ်...။
....
လေရိုင်းရိုင်းတွေ ကဗျာရွတ်သံကြားရတယ်
ကောင်းကင်းရဲ့ အူသံလဲကြားရတယ်
တောအုပ်ရဲ့ ဓမ္မတေးဝတ်ပြုသံကြားရတယ်
ကဝေတစ်ကောင်သယ်လာတဲ့ အလွမ်းတွေက
ဗီးနပ်(စ်)ရဲ့ နံရိုးပေါ်မှာအငွေ့ပျံသွားလေရဲ့...
ငါက...
စက္ကူလှေတွေနဲ့ ရှေ့တိုးနောက်ဆုပ်အလုပ်ရှုပ်ဆဲ...။
...
...
နေနေ့ဝိုင် (ñ.ñ.ÿÿÿ)2:17Am

No comments:
Post a Comment